သား၊ ငါး ချက်တိုင်း မပါမဖြစ် လိုအပ်တေပိုင်၊ ကျန်းမာရေးအတွက်လည်း ကကောင်း အသုံးဝင်ပနာ၊ အခြောက်ခံဗျာလ် အကြာကြီး သိမ်းထားလို့ရရေ ကြက်သွန်ဖြူကို ဇာပိုင် စိုက်ပါဖို့လဲ။
အဆင့် ၁၅ ဆင့် ခွဲပနာ လေ့လာကြည့်ကတ်ပါမေ။
အပိုင်း - ၁ စိုက်ဖို့ ပြင်ဆင်ပုံ အဆင့်ဆင့်
အဆင့် - ၁ ဇာနားမှာ စိုက်ဖို့လဲ
စိုက်ဖို့ သင့်တော်ရေ နိန်ရာ အယင် ကြည့်ပါ။ ကကောင်း စိမ့်ကိုင်ရေ နိန်ရာ၊ ကကောင်း အပူ ပြင်းရေ နိန်ရာ မဟုတ်တေ နိန်ရာတိုင်းမှာ စိုက်လို့ ရပါရေ။ မိုးရာသီမှာ မစိုက်ပါကဲ့။
အဆင့် - ၂ စိုက်ဖို့ မြေကို ပြုပြင်ပါ
ကြက်သွန်ဖြူပင်စွာ နီရောင်ခြည် ကကောင်း လိုပါရေ။ တနားတပို အရိပ်ကျစွာက ပြဿနာ မဟုတ်ပါ။ စိုက်ဖို့ မြေကို ပွပနာ ရွနိန်အောင်ထိ အင်တန် နနက် တူးပနာ ပြုပြင်ဖို့ လိုပါရေ။ သဲဆန်ရေ မြေမျိုးက စိုက်ဖို့ အကောင်းဆုံးပါ။
- ရီ အိုင်ခံနိုင်ရေ မြေနိန်ရာ မဖြစ်အောင် သတိထားပါ။ လိုအပ်ကေ မြောင်း တူးပနာ ရီ ထွက်လားအောင် လုပ်ထားပါ။ ကျုပ်မြေ အမျိုးအစားက ကြက်သွန်ဖြူ စိုက်ဖို့ မကောင်းပါ။
- မြေကို ပြုပြင်ရေ အချိန်မှာ အရွက် ဆွီးတိ၊ နွားချီးတိပိုင် အပင်အတွက် အဟာရ ဖြစ်နိုင်စွာတိ ထည့်ပီးကေ ပို ကောင်းပါရေ။
အဆင့် - ၃ လတ်လတ်ဆတ်ဆတ် ကြက်သွန်ဖြူဥတိကို မျိုးအဖြစ် ရွီးပါ။
ကြက်သွန်ဖြူစွာ တမြှောင်းချင်းဇီကို ခွဲပနာ စိုက်ရစွာမျိုးပါ။ မျိုးစိလို့ ခေါ်ကတ်ပါမေ။ အရေးအကြီးဆုံးက လလတ်ဆဆတ်နန့် အမျိုးအစား ကောင်းရေ ကြက်သွန်ဖြူဥတိကို ရွီးပနာ ဝယ်ပါ။ ဓါတုဗေဒ ပိုးသတ်ဆီး မဖြန်းထားရေ သြဂန်းနစ်မျိုး(သဘာဝမျိုး) ဆိုကေ ပိုကောင်းပါရေ။
- အမြှောင်းကြီးတိပါရေ ကြက်သွန်ဖြူတိကို ရွီးပါ။ ပျော့နိန်စွာကို မရွီးပါကဲ့။
- ကြက်သွန်ဖြူ တမြှောင်းက ကြက်သွန်ဖြူ တပင်ဇီ ပေါက်ပါဖို့။ ယင်းအတွက်နန့် ကြက်သွန်ဖြူပင် ဘလောက် စိုက်ဖို့လဲဆိုပနာ အယင် စဉ်းစားပနာ ကြက်သွန်ဖြူဥကို ဝယ်ပါ။
အပိုင်း - ၂ စိုက်ပုံ အဆင့်ဆင့်
အဆင့် - ၁ ကြက်သွန်ဖြူဥက အမြှောင်းတိကို ခွဲထုတ်ပါ
အမြှောင်းတိကို ချိတ်ဆက်ထားရေ အောက်ခြေနိန်ရာကို မပျက်စီးဇီပါကဲ့။ ယင်းနိန်ရာ ပျက်စီးကေ ကြက်သွန်ဖြူပင် ပေါက်ဖို့ မဟုတ်ပါ။
- အမြှောင်းကြီးတိကို ရွီးစိုက်ပါ။ အမြှောင်းချေတိကို စိုက်ကေ ကြက်သွန်ဖြူဥချေတိရာ ပေါက်တေဆိုစွာ သတိထားပါ။
အဆင့် - ၂ ကြက်သွန်ဖြူ အမြှောင်းတိကို မြေကြီးထဲသို့ ထိုးထည့်ပါ
ကြက်သွန်ဖြူ အမြှောင်းတိ ချိတ်ဆက်တေ ဖက်ကို အောက်ဖက်ကို ထားပနာ မြေကြီးထဲကို ၂ လက်မ အနက်လောက် ထိုးထည့်ပါ။
- အကောင်းဆုံး အနိန်အထားက ကြက်သွန်ဖြူ တပင်နန့် တပင် ၈ လက်မလောက် အကွာအဝီး ရှိဖို့ လိုပါရေ။
အဆင့် - ၃ မြေကြီးထက်မှာ ကောက်ရိုးခြောက်တိ၊ အရွက်ခြောက်ထိ၊ သစ်ဆွီးတိ၊ မြက်ခြောက်တိ ဖြန့်ထားပါ
အဆင့် - ၄ အထက်ဖက်မှာ အပင်အတွက် အဟာရ ဖြစ်နိုင်ရေ နွားချီးမှုန့်တိ၊ အရွက်ဆွီးမှုန့်တိ ဖြန့်ကျက်ပီးပါ
ကြက်သွန်ဖြူပင်တိ ပေါက်လာရေ အချိန်မှာ အဟာရဓါတ် မရှိမဖြစ် လိုပါရေ။
- အချိန်ကာလအလျှောက် ၁ ကြိမ်၊ ၂ ကြိမ်ထိ ထည့်ပီးဖို့ လိုပါဖို့။
အပိုင်း - ၃ ကြက်သွန်ဖြူပင်တိ ပြုစုပုံ အဆင့်ဆင့်
အဆင့် - ၁ ရီကို မကြာမကြာ လောင်းပါ
အပင်ပေါက်ချေတိစွာ အမြစ် ကြီးဖို့အတွက် ရီကို စိုနိန်အောင်ထိ မပြတ် ရနိန်ဖို့ လိုပါရေ။ ယကေလည်း ရီကို အလွန်အကျွံ မလောင်းမိဖို့ သတိထားပါ။ အစိပုပ်ပနာ အပင် သီလားနိုင်ပါရေ။
- မိုး မရွာကေ တပတ်ကို ၁ ခါ၊ ၂ ခါလောက် ရီလောင်းပီးပါ။ မြေကြီး ခြောက် မနိန်ကေ ရီလောင်းပီးစရာ မလိုပါ။ ကြက်သွန်ဖြူပင်စွာ စွတ်နိန်ရေ မြေမျိုးကို လုံးဝ မကြိုက်ပါ။
- ရာသီဥတု ပူလာကေ ရီလောင်းစွာကို တဖြည်းဖြည်း လျှော့ပီးပါ။ ကြက်သွန်ဖြူပင်စွာ အပူဓါတ် လိုအပ်ပါရေ။ နွီရာသီမှာဆို ကြက်သွန်ဖြူဥတိ ပိုပနာ အယင် ကြီးလာတတ်ပါရေ။
အဆင့် - ၂ တရိတ္ဆာန် အကောင်ဘလောင်တိကို သတိထားပါ
ကြက်၊ ကြွက်၊ ပိုးမွှား၊ အကောင်ဘလောင်တိကို သတိထားပါ။ ကြက်သွန်ဖြူဥတိကို လာစားတတ်တေပိုင်၊ အပင်တိကို ယက်ပနာ လာဖျက်တတ်ပါရေ။
အပိုင်း - ၄ ကြက်သွန်ဖြူဥ ရိတ်သိမ်းရေ အဆင့်ဆင့်
အဆင့် - ၁ ကြက်သွန်မြိတ်တိကို ဖြတ်စားပီးပါ
ကြက်သွန်ဖြူပင် အရှည်တိကို ကြက်သွန်မြိတ်လို့ ခေါ်ကတ်ပါရေ။ အပင်တိ ကြီးလာကေ အထက်မှာ ရှုပ်လာတတ်တေအတွက် စားချင်ကေ ဖြတ်ပနာ ခူးစားနိုင်ပါရေ။
- ကြက်သွန်ဖြူဥတိကို ပျက်စီးနိုင်ရေအတွက် အပင်တိုင်းကိုတော့ ဖြတ်ပနာ မစားပါကဲ့။
အဆင့် - ၂ ကြက်သွန်ဖြူဥ ဇာခါ ရိတ်သိမ်းရဖို့လဲ
ကြက်သွန်ဖြူပင် အရွက်တိ ဝါလာရေအချိန်၊ အညိုရောင် သန်းလာရေ အချိန်မှာ ကြက်သွန်ဖြူပင် တပင် နှစ်ပင်ကို ဥ တူးကြည့်ပါ။ စိတ်တိုင်းကျကေ တူးနိုင်ပါဗျာလ်။
- ကြက်သွန်ဖြူပင်တိ စပနာ ခြောက်လာဗျာလ်ဆိုကေ ကြက်သွန်ဖြူဥ ရိတ်သိမ်းပါဖိ။ မဟုတ်ကေ ကြက်သွန်ဖြူဥတု ပြန်ပနာ အမြှောင်းလိုက် ပြန် ကွဲလားနိုင်ပါရေ။
- နွီအကုန်မှာ သိမ်းလေ့ ရှိကတ်ပါရေ။ ယကေလည်း ကိုယ် စိုက်တေ အချိန်နန့် ကိုက်ပနာ ရိတ်သိမ်းနိုင်ပါရေ။
- အပူ များရေ နိန်ရာတိမှာ ကြက်သွန်ဖြူဥတိကို အယင် ရိတ်သိမ်းနိုင်လေ့ ရှိပါရေ။
အဆင့် - ၃ ကြက်သွန်ဖြူပင် ပတ်လည်က မြေကို အယင် ဆွပီးပါ
ကြက်သွန်ဖြူပင် ပတ်လည်က မြေကို အယင် ဆွလိုက်ဗြီးကေ ကြက်သွန်ဖြူဥကို ဆွဲနှုတ်နိုင်ပါဗျာလ်။
- သတိထားနှုတ်ပါ။ ကြက်သွန်ဖြူဥတိ အပွန်းအရှ ဖြစ်နိုင်လို့ပါ။
- ရီ နန့် ဆီးလိုက်ပနာ၊ လီ ကောင်းကောင်း ရရေ နီရောင်အောက်မှာ လန်းထားပါ။ မိုးရီ လုံးဝ မကျပါဇီကဲ့။ နီလောင်တတ်တေအတွက် ကြက်သွန်ဖြူဥတိကို အမြဲတမ်းတော့ နီပူအောက်မှာ ရက်အကြာကြီး မထားပါကဲ့။
အပိုင်း - ၅ သိမ်းဆည်းပုံ အဆင့်ဆင့်
အဆင့် - ၁ ကြက်သွန်ဖြူဥတိကို အီးပနာ ခြောက်သွိရေ နိန်ရာမှာ သိမ်းပါ
ခြောက်ပြီးသား ကြက်သွန်ဖြူဥတုတိကို မြေအိုးတိပိုင် ခြခြောက်သသွိနိန်ရာတိမှာ သိမ်းထားနိုင်ပါရေ။ လိုအပ်ကေ အတန်းလိုက် အလွယ်တကူ ဆွဲထုတ်လို့ ရအောင် ထားပါ။
အဆင့် - ၂ ကြက်သွန်ဖြူဥတိကို အတန်းလိုက်၊ အမျှင်လိုက် ချိတ်ထားပါ
ခြောက်ပြီးသား ကြက်သွန်ဖြူဥတိကို အတန်းလိုက်၊ အမျှင်လိုက် တန်းတိမှာ ချိတ်ပနာလည်း ထားနိုင်ပါရေ။ ထမင်းချက်ခန်း ကြတ်စင်မှာ တွဲထားကေလည်း ရပါရေ။
အဆင့် - ၃ ကြက်သွန်ဖြူဥကို ဆီစိမ်၊ ပျားရည်စိမ်၊ ရှာလကာရည်စိမ် လုပ်ပါ
အခွံ ခွာဗြီးသား ကြက်သွန်ဖြူ အမြှောင့်တိကို ဆီ၊ ပျားရည်၊ ရှာလကာရှည်ရို့ အထဲမှာ စိမ်ပနာ စားသုံးနိုင်ပါရေ။ ဘတ္တရီးယားပိုးတိ မဝင်အောင်တော့ခါ ရခဲတိုက်တာရို့မှာ သိမ်းပနာ အယင် စားပလိုက်စွာက အကောင်းဆုံးပါ။
မိန်း - ဖြေ
မိန်း - ကြက်သွန်ဖြူဥ အပင်စွာ စိုက်ဗြီးကေ ဇာနရက်လောက်မှာ မြေကြီးထဲက ထိုးထွက်လာတတ်ပါလေ။
ဖြေ - ၄ ပတ် အကြာလောက်မှာ ထွက်လာတတ်ပါရေ။
မိန်း - ကြက်သွန်ဖြူအပင်တိ အပွင့် မပွင့်ခင် ဖြတ်ဖို့ လိုရေလို့ ပြောပါရေ။ ဟုတ်ပါလာ။
ဖြေ - ဟုတ်ပါရေ။ အကောင်းဆုံးက ဖြတ်ပနာ စားနိုင်ပါရေ။ အပွင့်ကို ဖြတ်ပလိုက်တေအတွက် ဥက ပို အားကောင်းလားပါရေ။
ကိုးကား - http://www.wikihow.com/Grow-Garlic
လိုအပ်စွာကို အောက်မှာ ဆက်မိန်းနိုင်ပါရေ။
နောက်တခေါက် ရခိုင်ပြည်မှာ စိုက်လို့ အသုံးဝင်ဖို့ အပင်တမျိုး စိုက်ပုံစိုက်နည်း တင်ပီးပါမေ။ စိုက်ချင်ရေ အပင်ရှိကေလည်း တောင်းဆိုနိုင်ပါရေ။

Last edited by Admin on Sat Jan 21, 2017 8:52 am; edited 1 time in total
Sat Jan 21, 2017 10:58 am by Admin
» ကိုင်းခွဲ အကိုင်းဆက်နည်း
Sat Jan 21, 2017 8:49 am by Admin
» ကိုယ့် စာမျက်နှာ Profile မှာ ဓါတ်ပုံ တင်ချင်ကေ
Fri Jan 20, 2017 1:33 pm by Admin
» Arakan.online က ကြိုဆိုပါရေ
Fri Jan 20, 2017 7:08 am by Admin
» Arakan.online မှာ အသင်းဝင်သစ်ဖြစ်ဖို့ Register လုပ်ပုံအဆင့်ဆင့်
Fri Jan 20, 2017 7:04 am by Admin
» အခေါက် အကိုင်းဆက်နည်း
Sun Jan 15, 2017 10:35 am by Admin
» သဘုန် နန့် သဘာဝ ပိုးသတ်ဆီး ဇာပိုင် လုပ်ဖို့လဲ
Fri Jan 13, 2017 1:06 pm by Admin
» ချစ်နိန်စွာလား၊ မွန်နိန်စွာလား၊ အသုံးလိုနိန်စွာလား - အသုံးလိုနိန်ရေဆိုစွာ
Fri Jan 13, 2017 12:23 pm by Admin
» ဘြက်ခ်ျလတ်ခ်ျ ဒီစီ မော်တာတိ ဇာပိုင် အလုပ် လုပ်လေ
Thu Jan 12, 2017 2:45 pm by Admin
» ဒီစီ မော်တာတိ ဇာပိုင် အလုပ် လုပ်လေ
Thu Jan 12, 2017 2:43 pm by Admin
» အော်တာနိတ်တာ (ဝါ) မီးစက်တိ ဇာပိုင် လျှပ်စစ် ထုတ်စွာလေ
Thu Jan 12, 2017 2:41 pm by Admin
» အိန်ဂျိန် တလုံး ဖြုတ်ပုံဖြုတ်နည်း
Thu Jan 12, 2017 2:35 pm by Admin
» မော်တော်ဆိုင်ကယ် ကလာ့ခ်ျ ဇာပိုင် အလုပ် လုပ်လေ
Thu Jan 12, 2017 2:29 pm by Admin
» ကား ဂီယာ အလုပ် လုပ်ပုံ သဘောတရား
Thu Jan 12, 2017 2:24 pm by Admin
» ကားတိမှာ အော်တို ဂီယာ ဇာပိုင် အလုပ် လုပ်လေ
Thu Jan 12, 2017 2:21 pm by Admin